၂၀၂၅ ခုနှစ် လန်ဒန် ကမ္ဘာ့ခရီးသွားဈေးကွက်ပြပွဲ (WTM) က ၎င်း၏ နှစ်ပတ်လည် အကောင်းဆုံးပြခန်းဆုများကို နိုဝင်ဘာ ၇ ရက်တွင် ကြေညာခဲ့ရာ တရုတ်နိုင်ငံပြခန်းက ၎င်း၏ ဆန်းသစ်တီထွင်မှုရှိကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတလည်းဖြစ်သော ချဉ်းကပ်မှုအတွက် အကောင်းဆုံးပြခန်း ဒီဇိုင်းဆုရှင်များထဲတွင် ပါဝင်ခဲ့သည်။အဆိုပါဆုအတွက် အတွေ့အကြုံရင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းနှင့် ပြပွဲလာရောက်ကြည့်ရှုသူ ယေဘုယျအတွေ့အကြုံများဖြင့် အကဲဖြတ်ခဲ့ကြခြင်း ဖြစ်သည်။WTM လန်ဒန်သည် ကမ္ဘာ့ထိပ်တန်းခရီးသွားလုပ်ငန်း ကုန်စည်ပြပွဲများထဲမှ တစ်ခုဖြစ်သလို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးဖလှယ်ရေးအတွက် အဓိကပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။ ယခုနှစ်ပြပွဲကို နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၈၀ ခန့်မှ ပြခန်းပြသသူ ၅,၀၀၀ ခန့်ကို ဆွဲဆောင်ခဲ့သည်။
တရုတ်ပြခန်းမှ ၂၀၂၅ ခုနှစ် WTM လန်ဒန်ပြပွဲတွင် အကောင်းဆုံးပြခန်းဒီဇိုင်းဆုကိုဆွတ်ခူးနိုင်ခဲ့
Nov 09 • 3:05 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


