၂၀၂၅ခုနှစ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ဆုကို လင်းယုန်မီး၊ စတုတ္ထဆိုကို ကောင်းကင်မီး ၊ တတိယဆုကို လင်းလက်မီး ၊ဒုတိယဆုကို ဇွဲလူငယ်မီး နှင့် ပထမဆုကို ရွှေကူးမီးတို့မှ အသီးသီးရရှိခဲ့ကြောင်းသိရသည်။ထို့အပြင် ညမီးကြီးမီးပုံပျံပြိုင်ပွဲတွင် ခေါင်အချင်း ၂၂ပေ ယမ်းပိဿာ ချိန် ၂၅ ပိဿာရှိ ညမီးကြီးဆုချီးမြှင့်ရာ ပဥ္စမဆုကို သံဝေဂ မီး ၊ စတုတ္ထဆုကို ရွှေဇုန်မွှေတော်မီး ၊တတိယဆုကို မုန်တိုင်မီး ၊ဒုတိယဆုကို အားသစ်မီး နှင့် ပထမဆုကို ရှမ်းယူတိုက် FC မီးတို့မှ ရရှိခဲ့ကြောင်းသိရသည်။ဆက်လက်ပြီးညမီးကြီးမီးပုံပျံပြိုင်ပွဲတွင် ခေါင်အချင်း ၂၅ ပေ ယမ်းပိဿာ ချိန် ၄၀ ပိဿာရှိ ညမီးကြီးဆုချီးမြှင့်ရာ ပဥ္စဆုကို လွိုင်ခမ်းမီး ၊စတုတ္တဆုကို တောင်ပိုင်မီး ၊တတိယဆုကို ရွှေဇုန်မီး ၊ဒုတိယဆုကို ဆက်ဝှေ့ နှင့် ပထမဆုကို ပီတိမီးမှ ရရှိခဲ့ကြောင်းသိရသည်။



