ကျောက်ဆည်က မိသားစုနှစ်စု ကားတစီးတည်းနဲ့ အတူခရီးသွားရင်း အဆက်အသွယ်မရ ပျောက်ဆုံးနေ

Nov 08 • 1:01 PM

breaking-news

မြန်မာ

မန္တလေး

cover

ကျောက်ဆည်က မိသားစုနှစ်စု ကားတစီးတည်းနဲ့ အတူခရီးသွားရင်း အဆက်အသွယ်မရ ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မိသားစုနှစ်စုဟာ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို ကားတစီးတည်းနဲ့ အတူတူ ခရီးသွားနေရာကနေ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ...

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မိသားစုနှစ်စုဟာ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို ကားတစီးတည်းနဲ့ အတူတူ ခရီးသွားနေရာကနေ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ပျောက်ဆုံးနေသူတွေဟာ ကျောက်ဆည်မြို့ KK ဖိနပ်ဆိုင်မှ ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင်နဲ့ ကျောက်ဆည်မြို့၊ ညောင်ရွေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နဲ့ သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ ဖြစ်တယ်လို့ သိရပါတယ်။၎င်းတို့ဟာ တန်ဆောင်တိုင် ပိတ်ရက်ဖြစ်တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးဘက်ကို ကားနံပါတ် 7M-9611 နဲ့ ဘုရားဖူးခရီး ထွက်သွားကြတာဖြစ်ပြီး လက်ရှိမှာ အဲဒီ ကားနဲ့အတူ ခြောက်ယောက်လုံး အဆက်အသွယ်မရ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။အခြေအနေ တစုံတရာ ထူးခြားမှု ရှိပါကလည်း မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ 09971500501, 092019501, 09753820910, 09966354918 တို့ကို ဆက်သွယ်ပေးကြဖို့ မိသားစုဝင်တွေက အကူအညီ တောင်းခံထားပါတယ်။





news-view-count-icon

34