ထိုင်းနိုင်ငံ ချွန်ပူလီ ခရိုင်၊ ဖန်တောင်အတွင်းရှိ ပေါင်းအိုး၊ ဒယ်အိုး အောက်ခံကွိုင်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂၄ ဦး (ကျား ၁၂ ဦး၊ မ ၁၂ ဦး) ကို စက်ရုံဘက်မှ အကြောင်းပြချက်မရှိဘဲအလုပ်ထုတ်ပယ်လိုက်ကြောင်း အလုပ်သမားများအား ကူညီနေသည့် WAG အဖွဲ့မှ သိရသည်။အဆိုပါ မြန်မာအလုပ်သမား ၂၄ ဦးအား ယခုနှစ်အောက်တိုဘာ ၂၅ ရက်တွင် စက်ရုံမှ အေဂျင်စီနှင့် စာချုပ်ရပ်ဆိုင်းသည်ဟုဆိုကာ အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများသည် ၎င်းစက်ရုံသို့ အလုပ်ဝင်ရန်အတွက် ပွဲစားအား အလုပ်ဝင်ခ စမတ်ကြေး ဘတ် ၈,၀၀၀ နှင့် သူဌေးသစ်ပြောင်း ကျန်ခေါက်ခ ဘတ် ၄,၅၀၀ ပေး၍ ဝင်ရောက်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၂၄ ဦး အလုပ်ထုတ်ခံရ
Nov 08 • 1:18 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


