တိုင်းရင်းဆေးကုသခွင့်လက်မှတ်မရှိဘဲ ဆေးကုသမှု ပြုလုပ်ခဲ့ခြင်းကြောင့် အမှုဖွင့်တရားစွဲခံထားရသည့် "ရွှေလက်ဒေါ်ခင်စန်းရီ" အား မန္တလေးတိုင်း၊ အမရပူရမြို့နယ် တရားရုံးက ယနေ့ နိုဝင်ဘာ ၇ ရက် ရုံးချိန်းတွင် ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း အမှုအခြေအနေသိရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒေါ်ခင်စန်းရီသည် ၇ ချိန်းမြောက်ဖြစ်သည့် ယခုရုံးချိန်းအထိ တရားရုံးသို့ လာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်းထုတ်ခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီက ၎င်းကို ဇူလိုင် ၂၁ ရက်တွင် တိုင်းရင်းဆေးကောင်စီဥပဒေပုဒ်မ ၆၁ ဖြင့် အမရပူရမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းဆေးကုသခွင့်လက်မှတ်မရှိဘဲ ဆေးကုသမှုကြောင့် ဒေါ်ခင်စန်းရီအား မန္တလေး တရားရုံးက ဖမ်းဝရမ်းထုတ်
Nov 07 • 8:11 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


