ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ လမ်းဘေးတစ်နေရာတွင်ဈေးဝယ်နေသည့် အမျိုးသားတစ်ဦးကို ယာဉ်ထိန်းရဲမေက ကားဖြင့် ဝင်တိုက်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ယာဉ်ထိန်းရဲမေ မောင်းနှင်လာသောကားက လမ်းတစ်ဖက်ခြမ်းသို့ ယာဉ်ကြောပြောင်းပြန်ဖြင့် ဝင်ရောက်လာကာ ဆိုင်ကယ်နှင့်အတူရပ်နေသည့် အမျိုးသားကိုဝင်တိုက်ပြီး အော်ဟစ် ပြစ်တင်ပြောဆိုခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ယာဉ်တိုက်မှုကြောင့် အမျိးသားတစ်ဦး ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်နှစ်စင်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဖြစ်စဉ်သိရှိသူအမျိုးသမီးတစ်ဦးက ပြောသည်။“ဆိုင်ကယ်နဲ့ ဦးလေးကို ဝင်တိုက်လိုက်တာ ကားအောက်တောင်ဝင်သွားတယ်။ ပြီးရင် ဘတ်ထရီဆိုင်ကယ်တစ်စီးကိုလည်း နည်းနည်းထိသွားတယ်။ အဲဒီမော်တော်ပီကေမက ဖုန်းဆက်ပြီးတော့ လူနာတင်ကားခေါ်ပေးတယ် ပြီးရင် သူ့သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး သူက တာဝန်ယူပေးလိမ့်မယ်လို့ပြောတယ်၊ လူနာကိုတော့ ကားနဲ့ဆေးရုံကို ခေါ်သွားတယ်” ဟုပြောသည်။မြစ်ကြီးနားမြို့အတွင်းရှိ မီးပွိုင့်အများစုသည် မကြာခဏ လျှပ်စစ်မီးပြတ်တောက်နေပြီး၊ မြို့အနှံ့ ယာဉ်တိုက်မှုများနှင့် တိုက်ပြေးမှုများ နေ့စဉ်ဖြစ်ပွားနေကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
မြစ်ကြီးနားတွင် ယာဉ်ထိန်းရဲမေက လမ်းဘေးတွင်ဈေးဝယ်နေသူကို ကားဖြင့်တိုက်ခဲ့
Nov 07 • 6:41 AM
မြန်မာ
ကချင်
မျှဝေမည်
| 13 | 0 | 0 | 0 |


