နာမည်ကြီးအကယ်ဒမီသရုပ်ဆောင်ဖြစ်သူ ဖွေးဖွေးကို မြန်မာဘက်က ရွေးကောက်ပွဲအတွက် ရိုက်ကူးရေးတွေမှာ မပါဝင်လို့ ဖမ်းဆီးလိုက်တယ်လို့ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတွေက ပြောပါသည်။ဖွေးဖွေး ပြင်ဦးလွင်မြို့မှာ ဇာတ်ကားရိုက်နေတဲ့အချိန် အဖမ်းခံလိုက်ရတာလည်းဖြစ်ပါသည်။ "ဖွေးဖွေး အဖမ်းခံရတာက သေချာပါတယ်။ အလင်းရောင်ကတော့ မပါသေးဘူး။ အတည်မပြုနိုင်သေးဘူး။ ဖွေးဖွေးကိုတော့ ရိုက်ကူးရေးလုပ်နေတုန်း ဖမ်းသွားတာ" လို့ ပြောပါတယ်။မြန်မာဘက်မှ အနုပညာရှင်တွေကို ရွေးကောက်ပွဲ ကမ်ပိန်းတွေမှာ နိုဝင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပါဝင်ဖို့ ညွှန်ကြားထားပြီး မင်းသား အလင်းရောင်နဲ့ မင်းသမီး ဖွေးဖွေးတို့က နိုဝင်ဘာ ၅ ရက် ညနေအထိ ဆက်သွယ်လို့မရဘူးလို့လည်း ပြောထားပါသည်။အောက်တိုဘာ ၃၀ ရက်ကလည်း ရန်ကုန်မြို့၊ ရွှေတောင်ကြားမှာရှိတဲ့ ရုပ်ရှင်လုပ်ငန်းရုံးမှာ ရွေးကောက်ပွဲ အတွက် ရိုက်ကူးရေးတွေမှာ အနုပညာရှင်တွေ အားလုံးပါဝင်ကြဖို့ မပါဝင်ရင် အရေးယူသွားမယ်လို့ ပြောဆိုထားပါသည်။
နာမည်ကြီး အကယ်ဒမီသရုပ်ဆောင်ဖွေးဖွေး ရွေးကောက်ပွဲ ရိုက်ကူးရေးအတွက် မပူးပေါင်းဟုဆိုကာ ဖ-မ်းဆီးခံလိုက်ရ
Nov 07 • 1:42 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 83 | 0 | 0 | 0 |


