ထိုင်းအစိုးရက အလေးချိန်၁၀၀ ဘတ် ရွှေတုံးများ ပါသည့် ထီကို စတင်ရောင်းချ

Nov 06 • 7:14 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအစိုးရက အလေးချိန်၁၀၀ ဘတ် ရွှေတုံးများ ပါသည့် ထီကို စတင်ရောင်းချ

ထိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက 2025 Thai Red Cross Lottery ကြက်ခြေနီရန်ပုံငွေ ထီကို စတင်ရောင်းချလိုက်ပြီး အဆိုပါထီတွင် ရွှေတုံးများနှင့် အခြား ဆုလက်ဆောင်အမျိ...

ထိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက 2025 Thai Red Cross Lottery ကြက်ခြေနီရန်ပုံငွေ ထီကို စတင်ရောင်းချလိုက်ပြီး အဆိုပါထီတွင် ရွှေတုံးများနှင့် အခြား ဆုလက်ဆောင်အမျိုးမျိုးလည်း ပါဝင်မည်ဖြစ်သည်။ထီများကို ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့မှ   စတင်၍ တစ်စောင်လျှင် ဘတ်ငွေ ၅၀ ဖြင့် ရောင်းချ‌ နေတာဖြစ်သည်။ထီဆုများတွင် ပထမဆုကြီး ၁ဆုအတွက် ၁၀၀ ဘတ်အလေးချိန် ရွှေတုံး (၁၅၂၄.၄ ဂရမ်) ၊ ဒုတိယ ၂ ဆုအတွက် ၅ ဘတ်အလေးချိန် ရွှေတုံး(၇၆.၂၂ ဂရမ်)၊ တတိယဆု ၂၀ အတွက် ၁ ဘတ်အလေးချိန် ရွှေတုံး (၁၅.၂၄ဂရမ်) ၊ စတုတ္ထဆု ၁၀၀ အတွက် ဘတ်ဝက် ရွှေတုံး (၇.၆ ဂရမ်)၊ နောက်ပိတ်ဂဏန်း ၃ လုံးဆု ၁၀၀၀ အတွက် ၀.၂၅ ဘတ် (၃.၈ ဂရမ်) တို့ပါဝင်မည်ဖြစ်သည်။ထိုင်းရွှေ အလေးချိန်မှာ ၁ဘတ် = ၁၅.၂၄၄ ဂရမ်ဖြစ်ပါသည်။

 

news-view-count-icon

30