ထိုင်းနိုင်ငံတွင် လက်ရှိကျင်းပနေသည့် အကြီးမားဆုံး မီးပုံးပျံပွဲနှင့် လွိုင်ကထုန် ရေမျှောပွဲတော်အတွက် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT)အား ASIA Records မှ တရားဝင် အသိအမှတ်ပြုဆုလက်မှတ်ချီးမြှင့်လိုက်ကြောင်း ASIA Records က တရားဝင်ထုတ်ပြန်သည်။TAT သည် အကြီးမားဆုံးသော ကောင်းကင်မီးပုံးပျံနှင့် ရေမျှောပွဲတော်ကို တစ်ပြိုင်နက်တည်း ကျင်းပနိုင်ခြင်း အတွက် အသိအမှတ်ပြုလွှာပေးခြင်းဖြစ်ကြောင်း ASIA Records ကဆိုသည်။ယခုနှစ် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ ကျင်းပခဲ့သည့် လွိုင်ကထုန်နှင့်ယီပိန်း (Loy Krathong–Yi Peng)ပွဲတော်တွင် ထိုင်းပြည်နယ် ၇၇ ခုစလုံး၌ ကထုန် ၂ သန်းကျော်ကိုရေမျှောခြင်းနှင့် မီးပုံးပျံ ၁၀၀,၀၀၀ ကျော်ကို လွှတ်တင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ လှပသော ရိုးရာဓလေ့ကိုဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ASIA Records က ထုတ်ပြန်သည်။ 
ထိုင်းနိုင်ငံ၏ မီးပုံးပျံပွဲနှင့် လွိုင်ကထုန် ရေမျှောပွဲတော် ASIA Records ဆုရ
Nov 06 • 5:39 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


