နေပြည်တော်သုခတော်ဝင်အိမ်ရာ တိုက်ခေါင်မိုးပေါ်မှ လူတစ်ဦးပြုတ်ကျ

Nov 05 • 3:35 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်သုခတော်ဝင်အိမ်ရာ တိုက်ခေါင်မိုးပေါ်မှ လူတစ်ဦးပြုတ်ကျ

နေပြည်တော်ကောင်စီနယ်မြေ သုခတော်ဝင်အိမ်ရာရှိ တိုက်အမှတ် N-3 တိုက်ခေါင်မိုးပေါ်မှ ယနေ့(နိုဝင်ဘာ ၀၅ ရက်) နံနက်ပိုင်းက လူတစ်ဦးပြုတ်ကျသွားခဲ့ကြောင်း ဒေသခံများထံမှ သိ...

နေပြည်တော်ကောင်စီနယ်မြေ သုခတော်ဝင်အိမ်ရာရှိ တိုက်အမှတ် N-3 တိုက်ခေါင်မိုးပေါ်မှ ယနေ့(နိုဝင်ဘာ ၀၅ ရက်) နံနက်ပိုင်းက လူတစ်ဦးပြုတ်ကျသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ပြုတ်ကျသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး တိုက်ခေါင်မိုးပေါ်ရှိ ရေတိုင်ကီတွင် ရေရှိမရှိတက်ရောက်ကြည့်ရှုရာမှ ခြေချော်၍ပြုတ်ကျခဲ့ခြင်းလည်းဖြစ်ကြောင်း၊ ဒုတိယထပ် ဆန်းရှိတ်ပေါ်မှတစ်ဆင့် မြေပြင်သို့ကျသွားခဲ့ပြီး မျက်နှာနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုထားကြသည်။




news-view-count-icon

17