ယနေ့ နိုဝင်ဘာ (၅)ရက် ညပိုင်းတွင် ၂၀၂၅ ခုနှစ်၏ အကြီးဆုံးနှင့် အတောက်ပဆုံး Super Moon ဖြစ်စဉ် ဖြစ်ပေါ်မည်ဟု မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းက အသိပေးထားသည်။မြန်မာ့ပြက္ခဒိန်တွေအရ နိုဝင်ဘာလ (၄)ရက်သည် လပြည့်ညဖြစ်သော်လည်း တကယ်တမ်းလပြည့်ညမှာ နိုဝင်ဘာ(၅) ရက်နေ့တွင် ဖြစ်ပြီး မြန်မာပြက္ခဒိန်နှင့် အပြင်မှ လပြည့်ညမှာ တစ်ရက်ခန့်ကွာ ခြားတတ်သည်ဟု အသိပေးချက်တွင်ဖော်ပြထားသည်။ယနေ့လပြည့်ချိန်မှာ နိုဝင်ဘာ (၅)ရက်ည (၇) နာရီ (၄၉) မိနစ်၌ လအပြည့်ဆုံးအချိန်ဖြစ်ကြောင်း ဆိုသည်။



