၂၀၂၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ညတွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသော MSMEs ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ၌ ယနေ့ နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် မီးပုံးပျံများ လွှတ်တင်ခဲ့ရာ ပွဲတော်သို့ လာရောက်ကြည့်ရှုသူများဖြင့် အလွန်စည်ကားလျက်ရှိကြောင်း သိရသည်။



