တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ဆွမ်းအိုးမျှောသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းမှုများဖြင့် စည်ကား

Nov 04 • 8:07 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ဆွမ်းအိုးမျှောသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းမှုများဖြင့် စည်ကား

နိုဝင်ဘာ ၄ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းအက မော်လမြိုင်မြို့ကမ်းနားလမ်းတလျှောက်တွင် ဆွမ်းအိုးမျှောသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားခဲ့ပ...

နိုဝင်ဘာ ၄ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းအက မော်လမြိုင်မြို့ကမ်းနားလမ်းတလျှောက်တွင် ဆွမ်းအိုးမျှောသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားခဲ့ပါတယ်။တန်ဆောင်မုန်းလပြည့် နံနက်စောပိုင်းအချိန်ကတည်းက မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်တွင် ယာယီပြုလုပ်ထားသည့် ရှင်ဥပဂုတ္တမထေရ်မြတ်စံကျောင်းများ၌ ရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်မှန်း ပူဇော်ကာ ဆွမ်းအိုးမျှောပွဲများ ကျင်းပပြုလုပ်ခဲ့သလို ဆွမ်းအိုးမျှောကြသူတွေ စတုဒီသာကျွေးမွေးလှူဒါန်းသူတွေနဲ့ စတုဒီသာလိုက်စားသူတွေနဲ့ ကမ်းနားလမ်းတလျှောက်မှာတော့ အရင်နှစ်တွေလိုပဲ အရမ်းစည်ကားခဲ့ပါတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။ဆွမ်းအိုးမျှောရာတွင် ဆွမ်းအိုးအား ရေထဲသို့ ချပြီးမကြာခင်မှာဘဲ ထိုဆွမ်းအိုးများအား ဆယ်ယူသွားကြသည့်အတွက်ကြောင့် သဒ္ဒါပျက်သလို ခံစားရကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။



news-view-count-icon

15