သရုပ်ဆောင်နေဒွေးကယခုလက်ရှိမှာ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ တစိုက်မတ်မတ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ယခုအခါမှာတော့ အိမ်ထောင်ကျပြီး သမီးလေးတစ်ဦးပါ မွေးဖွားထားပြီပဲဖြစ်ပါတယ်။ နေဒွေးက သမီးလေးကိုတော့ သူ့ရဲ့နာမည်လေးပါအောင် ဆုလာဘ်ဒွေးလို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။



