Halloween ပွဲတွေကို မိသားစုလိုက် အပြတ်အသတ်ကဲခဲ့ကြတဲ့ အဆိုတော်စမိုင်းလ်တို့မိသားစုဟာယခုတစ်ခါ
အဆိုပါပွဲမှာ သားမက်လောင်းလေးလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့မိသားစုရဲ့ Stylist တစ်ဦးဖြစ်တဲ့ ဟန်လင်းကလည်း စမိုင်းလ်တို့နဲ့အတူ ပါဝင်ခဲ့တာပါ။ စမိုင်းလ်ဟာ US မှာကျင်းပတဲ့ ဘယ်ပွဲကိုမဆို မိသားစုတွေနဲ့အတူ ပါဝင်ပျော်ရွှင်စွာကျင်းပတတ်တာကိုလည်း တွေ့ရပါတယ်။



