ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွက်ရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ စတင်ဝယ်ယူနိုင်

Nov 04 • 4:02 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွက်ရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ စတင်ဝယ်ယူနိုင်

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွက်ရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ စတင်ဝယ်ယူနိုင်တယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။အွန်လိုင်းစနစ်နဲ့ရထားလက်မှတ်တွေကိ...

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွက်ရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ စတင်ဝယ်ယူနိုင်တယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။အွန်လိုင်းစနစ်နဲ့ရထားလက်မှတ်တွေကိုခရီးသွားတာမတိုင်ပြီး ၅ရက်အလိုကြိုတင်ဝယ်ယူသွားနိုင်ပါတယ်။ ရထားစီး ခရီးသည်တွေအဆင်ပြေဖို့ အခုလို အွန်လိုင်းစနစ်နဲ့လက်မှတ်ဝယ်ယူတာတွေကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းရန်ကုန်မန္တလေးခရီးစဉ်တွေမှာအွန်လိုင်းစနစ်နဲ့ဝယ်ယူသွားနိုင်ဖို့စီစဉ်ပေးသွားမှာဖြစ်ပါတယ်လို့ " မြန်မာ့မီးရထားရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွက် အွန်လိုင်းစနစ်နဲ့ရထားလမ်းမှတ်တွေကို ခရီးသွားမယ့်သူကဖုန်းနဲ့ဆက်သွယ်ပြီး ခရီးသွားမယ့်သူရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ ရထားစီးနင်းလိုက်ပါလိုတဲ့ ရက်၊ ခရီးစဉ်၊ ရထားအမှတ်နဲ့ တွဲအတန်းအစား စတာတွေကို ကြိုတင်ဘိုကင် ပြုလုပ်သွားနိုင်တယ်လို့သိရပါတယ်။အဆိုပါ အွန်လိုင်းဘိုကင်စနစ်ကိုရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲ‌နေတဲ့သော အမှတ်(၇)အဆန်/(၈)အစုန်၊ အမှတ်(၃၁) အဆန်/(၃၂)အစုန် DEMU ရထားတွေနဲ့အမှတ် (၂၇)အဆန်/(၂၈)အစုန် RBE ရထားတွေ စီးနင်းလိုက်ပါမယ့် ခရီးသွားပြည်သူများအနေနဲ့ဝယ်ယူသွားနိုင်ပါတယ်။



news-view-count-icon

61