အဆိုတော် Wink ၏ မနေ့ညကပွဲအတွင်း အပြုအမူကြောင့် လူမှုကွန်ရက်၌ ဝေဖန်မှုများမြင့်တက်ကာ Overflowပွဲကလက်တွဲဖြုတ်ကြောင်း ကြေညာ

Nov 04 • 1:59 AM

breaking-news

မြန်မာ

ရန်ကုန်

cover

အဆိုတော် Wink ၏ မနေ့ညကပွဲအတွင်း အပြုအမူကြောင့် လူမှုကွန်ရက်၌ ဝေဖန်မှုများမြင့်တက်ကာ Overflowပွဲကလက်တွဲဖြုတ်ကြောင်း ကြေညာ

အဆိုတော် Wink သည် မနေ့ညက ပြုလုပ်သော ဖျော်ဖြေပွဲတစ်ခု၌ စင်အောက်ရှိ ပရိသတ်များ (ကလေးများနှင့် မိသားစုများအပါအဝင်) ရှေ့တွင် မလျော်မကန် ဆဲဆိုခြင်း နှင့် အကာအကွယ်ပစ္...

အဆိုတော် Wink သည် မနေ့ညက ပြုလုပ်သော ဖျော်ဖြေပွဲတစ်ခု၌ စင်အောက်ရှိ ပရိသတ်များ (ကလေးများနှင့် မိသားစုများအပါအဝင်) ရှေ့တွင် မလျော်မကန် ဆဲဆိုခြင်း နှင့် အကာအကွယ်ပစ္စည်းများ (ကွန်ဒုံးများ) ကို စင်ပေါ်မှ ပစ်ချခြင်း စသည့် လုပ်ရပ်များ ပြုလုပ်ခဲ့မှုကြောင့် လူမှုကွန်ရက်တွင် ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ၎င်း၏ အပြုအမူများကြောင့် Overflowပွဲမှလည်း အဆိုတော် Wink နှင့် လက်တွဲဖြုတ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ 

news-view-count-icon

54