မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ၆၅ နဲ့ ၆၆ လမ်းကြား၊ ၃၉ လမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ (၃၁) ရက် ညနေ ၅ နာရီခွဲကျော်ခန့်က အမျိုးသမီးတစ်ဦးထံကနေဖုန်းလုယူပြီး ဆိုင်ကယ်နဲ့လူကြား ထဲအထိ တရကြမ်းမောင်းပြေးသွားခဲ့ပါတယ်။ဒေသခံမျက်မြင်တွေရဲ့ပြောပြချက်အရ ဖုန်းလုသွားတဲ့သူဟာ ဖုန်းကိုပိုင်ရှင်ထံ လာပြန်ပေးသွား တယ်လို့ သိရပါတယ်။ခုလိုအခြေအနေတွေကြောင့် မန္တလေးမြို့အပါအဝင် ဒေသအတော်များများမှာ ခိုးဆိုးလုယှက်တာ တွေနဲ့ ရာဇဝတ်မှုတွေဟာ မကြာခဏဖြစ်ပွါးနေကြောင်း သိရပါသည်။



