ရွှေဘိုမြို့နယ်လုံးဆိုင်ရာ စုပေါင်းဘုံမဟာကထိန်ပွဲအတွက် ပဒေသာပင်များ ခင်းကျင်းပြသထားနေ

Nov 03 • 5:18 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ရွှေဘိုမြို့နယ်လုံးဆိုင်ရာ စုပေါင်းဘုံမဟာကထိန်ပွဲအတွက် ပဒေသာပင်များ ခင်းကျင်းပြသထားနေ

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့၌ (၁၁၁)ကြိမ်မြောက် ရွှေဘိုမြို့နယ်လုံးဆိုင်ရာ စုပေါင်းဘုံမဟာကထိန်တော်၊ ရဟန်းရှင်လူပြည်သူများ ကြည်ညိုသဒ္ဒါပွားနိုင်ရန် ကထိန်လှူ...

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့၌ (၁၁၁)ကြိမ်မြောက် ရွှေဘိုမြို့နယ်လုံးဆိုင်ရာ စုပေါင်းဘုံမဟာကထိန်တော်၊ ရဟန်းရှင်လူပြည်သူများ ကြည်ညိုသဒ္ဒါပွားနိုင်ရန် ကထိန်လှူဘွယ် ပဒေသာပင်များကို လမ်းလည်ဘုရားဓမ္မာရုံတွင် တန်ဆောင်မုန်းလဆန်း (၁၀)ရက် နေ့မှ စတင်ကာခင်းကျင်းပြသထားသည်။အဆိုပါကထိန်လှူဘွယ်ပဒေသာပင် ပစ္စည်းများကိုခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စျေးသူစျေးသားများ၊ ရပ်ကွက်နေ ပြည်သူများမှစုပေါင်းလှူဒါန်းထားပြီး၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ဉတ်မကြီးမဲကြရာ ဘုရားကြီးမြောက်တိုက်၊ ကထိန်မဲစာရင်း ဝင်(၇၉)ကျောင်း၊ရဟန်း(၇၆၃)သာမဏေ(၆၈၀) သံဃာ(၁,၄၄၃ )ပါးတို့အား ရေစက်ချလှူဒါန်းသွားမည်ဖြစ်သည်။

news-view-count-icon

24