တောင်ကြီးမြို့၊ တန်ဆောင်တိုင်ဖွင့်ပွဲ ညပိုင်းတွင် လူအစုအဝေးကြောင့်လူတိုးအထိ ပြည့်နှက်ခဲ့ရာမှ ကလေးနှင့် သက်ကြီးရွယ်အိုများအသက်ရှုကြပ်ခြင်း၊ မူးလဲမှုများ ဖြစ်ပွားခဲ့သည်။"စစမကြုံဖူးတော့တအားကြောက်တာပေါ့၊ လူတွေက ပြည့်ကျပ်ညပ်ပြီးသွားရတော့၊ ကလေးတွေဆိုအရမ်းစိုးရိမ်ရတယ်။ ဘာလို့ဆို သူတို့ မိခင် အဖေ တွေရဲ့ ရင်ခွင်ထဲ ထည့်ပြီးသွားတော့ ဖိနေသလို့ ဖြစ်နေတာ ကော၊ တချို့ကောင်မလေးတွဆိုလည်း ငိုကြတာ ကြောက်ပြီးတော့ကလေးဆိုလည်းအော်ငိုကြ၊ မွန်းကြပ်ပြီးတော့ မူးလဲတဲ့ ကလေးတွေကော အများကြီးပဲ လူကြီးတွေကော" ဟု ပွဲလည်သူ တစ်ဦးမှ ပြောသည်။ထို့ပြင် စည်းကမ်းမဲ့ ပျံကျဈေးသည်များနှင့် လူအစု အဝေးများကြောင့် ပွဲနေရာတွင် လူအများပြည့်နှက်လာပြီး ပွဲကြည့်သူများအနေဖြင့် လမ်းလျှောက်သွားလာရခက်ခဲပြီး လူတိုးအထိ ပြည့်နှက်ရသည်ဟု ပြောသည်။
တောင်ကြီး တန်ဆောင်တိုင်တွင် လူများလို့ အသက်ရှူကြပ်ပြီး မူးလဲသူ များနေ
Oct 31 • 5:08 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 8 | 0 | 0 | 0 |


