တောင်ကြီးမြို့ဇာတိဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသည့် ထိပ်တန်းအနုပညာရှင် စိုင်းစိုင်းခမ်းလှိုင်သည် လက်ရှိကျင်းပနေသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ကြောင်း ၎င်း၏ ပုံရိပ်များအရ သိရသည်။ မိမိမွေးရပ်မြေ၏ ရိုးရာပွဲတော်ကြီးကို စိုင်းစိုင်းခမ်းလှိုင်အနေဖြင့် လက်လွတ်မခံဘဲ ပရိသတ်များ၏ စည်ကားသော လူအုပ်ကြားထဲတွင် ပျော်ရွှင်စွာ တိုးဝေ့ကာ လှည့်လည်ကြည့်ရှုနေခဲ့သည်။ တောင်ကြီးသားပီပီ ပွဲတော်၏ ခံစားချက်ကို အပြည့်အဝ ရယူနေသည့် စိုင်းစိုင်းခမ်းလှိုင်၏ ပုံရိပ်များသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။
အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင် တောင်ကြီးတန်ဆောင်တိုင်ပွဲတွင်ပရိသတ်များကြား တိုးဝေ့လျှောက်လည်
Oct 31 • 4:09 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 8 | 0 | 0 | 0 |


