သာစည်-ရွှေညောင် လူစီးရထား တောင်ကြီးအထိ ပြေးဆွဲမည်

Oct 30 • 2:10 PM

breaking-news

မြန်မာ

ရှမ်း

cover

သာစည်-ရွှေညောင် လူစီးရထား တောင်ကြီးအထိ ပြေးဆွဲမည်

သာစည်-ရွှေညောင်လူစီးရထားနှစ်စင်းဟာ လာမဲ့ အောက်တိုဘာ ၃၁ ရက်ကစပြီး သာစည်ကနေ တောင်ကြီးအထိ ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။ သာစည်-ရွှေညောင်ကိုတော့ အခ...

သာစည်-ရွှေညောင်လူစီးရထားနှစ်စင်းဟာ လာမဲ့ အောက်တိုဘာ ၃၁ ရက်ကစပြီး သာစည်ကနေ တောင်ကြီးအထိ ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။ သာစည်-ရွှေညောင်ကိုတော့ အခုနှစ် ဇန်နဝါရီ ၃၁ ရက် ကစပြီး အပတ်စဉ် သောကြာနေ့မှာ အမှတ်(၁၄၁) အဆန် ရထားနဲ့ တနင်္လာနေ့မှာ အမှတ်(၁၄၂) အစုန်ရထားတွေ ပုံမှန် ပြေးဆွဲပေးနေတာပါ။အခုအခါမှာတော့ သာစည်ကနေ တောင်ကြီးအထိ ပြေးဆွဲပေးမှာဖြစ်ပြီး အမှတ်(၁၄၁)အဆန်ရထားဟာ သာစည် ကနေ မနက် ၅ နာရီ ထွက်ခွာမှာဖြစ်ကာ တောင်ကြီးကို ညနေ ၆ နာရီခွဲလောက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ အလားတူ အမှတ်(၁၄၂) အစုန်ရထားကလည်း တောင်ကြီးကနေ မနက် ၆ နာရီ ထွက်ခွာပြီးတော့ သာစည်ကို ည ၇ နာရီခွဲမှာ ရောက်ရှိမှာဖြစ်ကာ ဘူတာစဉ်အလိုက် ရပ်တန့်ပေးသွားမှာ ဖြစ်ပါတယ်။ သာစည်ကနေ တောင်ကြီး အထိ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခအနေနဲ့ ရိုးရိုးတန်းကို ကျပ် ၁၂၀၀၀၊ အထက်တန်းကို ကျပ် ၁၄၀၀၀ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။



news-view-count-icon

27