ထိုင်းနိုင်ငံ၊လွယ်ကထုန် ပွဲတော်ညတွင် ကမ္ဘာနဲ့အနီးဆုံးကို ရောက်လာမယ့် “Super Full Moon” ကို ကြည့်ရှုနိုင်မည်ဖြစ်

Oct 30 • 1:58 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊လွယ်ကထုန် ပွဲတော်ညတွင် ကမ္ဘာနဲ့အနီးဆုံးကို ရောက်လာမယ့် “Super Full Moon” ကို ကြည့်ရှုနိုင်မည်ဖြစ်

ထိုင်း နိုင်ငံရဲ့ လွယ်ကထုန် ပွဲတော်ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ပွဲတော် ကျင်းပမှာဖြစ်ပြီး၊ အဲဒီနေ့မှာ လ က တစ်နှစ်တာအတွင်း ကမ္ဘာနဲ့ အနီးဆုံးနေရာကို ရောက်ရှိမှာဖြစ်...

ထိုင်း နိုင်ငံရဲ့ လွယ်ကထုန် ပွဲတော်ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ပွဲတော် ကျင်းပမှာဖြစ်ပြီး၊ အဲဒီနေ့မှာ လ က တစ်နှစ်တာအတွင်း ကမ္ဘာနဲ့ အနီးဆုံးနေရာကို ရောက်ရှိမှာဖြစ်ပါသည်၊၊ အဲဒီဖြစ်စဉ်ကို နက္ခတ္တဗေဒပညာရှင်တွေက Super Full Moon လို့ ခေါ်ကြပါသည်။အဲဒီညမှာ လက ကမ္ဘာကနေ ကီလိုမီတာ ၃၅၆,၉၆၆ ခန့်အကွာမှာ ရှိနေမှာပါ။ လကို ညနေ ၅:၃၀ နာရီလောက် နေဝင်ချိန်မှာ စတင်မြင်တွေ့ရမှာ ဖြစ်ပြီး၊ ပုံမှန်ထက် နည်းနည်းပိုကြီးပြီး ပိုလင်းနေကာ တစ်ညလုံး မြင်တွေ့ရမှာ ဖြစ်ပါသည်။National Astronomical Research Institute of Thailand (NARIT) က လွယ်ကထုန်ညမှာ supermoon ကို ပြည်သူတွေ ကြည့်ရှုနိုင်ဖို့ အဓိက စောင့်ကြည့်ရေးနေရာ ၅ ခုမှာ တယ်လီစကုပ်တွေ ထားရှိပေးမယ်လို့ ကြေညာထားပါသည်။ထိုပွဲကို ညနေ ၆ နာရီကနေ ၁၀ နာရီအထိ ချင်းမိုင်၊ Mae Rim က Sirindhorn Astronomical Park ၊ Chachoengsao က Chalermprakiet 7th Cycle Memorial Observatory ၊ Khon Kaen၊ Nakhon Ratchasima နဲ့ Songkhla မှာ ကျင်းပမှာ ဖြစ်ပြီး အခမဲ့ ဝင်ခွင့် ရမှာဖြစ်ပါသည်။ထိုပွဲကို အခါသမယနဲ့ ကိုက်ညီအောင် ညှိနှိုင်းထားပြီး၊ ပါဝင်တက်ရောက်သူတွေကို လေးစားသမှုရှိတဲ့၊ အရောင်မစူးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ကြဖို့ မေတ္တာရပ်ခံထားပါသည်။

news-view-count-icon

9