ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့အတွင်းရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၆၂ ဦးကို စက်ရုံမှ လုပ်အားခ ၁ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အဖွဲ့က ထုတ်ပြန်သည်။မြန်မာအလုပ်သမားများသည် ၄င်းစက်ရုံတွင် ၃ လမှ ၆ လကျော်ခန့် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီးအလုပ်ဝင်ရန် ချွန်ပူလီဘောဝင်းတွင်းရှိ ဘတ်ငါးသန်း အေဂျင်စီအား အလုပ်ဝင်ခ စမတ်ကြေး ဘတ် ၈,၀၀၀ နှင့် ကျန့်ခေါက်ခ(သူဌေးပြောင်းခ) ဘတ် ၄,၅၀၀ ပေးခဲ့ရသူများဖြစ်ပါသည်။မြန်မာအလုပ်သမားများသည် ၄င်းစက်ရုံတွင် စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့ အထိ လုပ်အားခ ၁ လစာကိုမရရှိခဲ့ပဲ စက်ရုံအလုပ်ရှင်သူဌေးက အောက်တိုဘာလ ၁၆ ရက်နေ့တွင် အလုပ်ထုတ်ခဲ့သည့်အတွက် အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်ထားပါသည်။ 
ထိုင်းနိုင်ငံ၊ချွန်ပူလီတွင် မြန်မာအလုပ်သမား ၆၂ ဦး လုပ်အားခ မရသည့်အပြင် အလုပ်ပါ ထုတ်ခံလိုက်ရ
Oct 29 • 3:26 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


