အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်တန်း အစည်းအဝေး ကာလအတွင်း မလေးရှား အမျိုးသမီး ကိုယ်ရံတော်တွေရဲ့ ပေါ့ပါးဖျတ်လတ်မှုကို လူမှုကွန်ရက် သုံးစွဲသူတွေက ချီးကျူးနေကြပါသည်။အောက်တိုဘာ ၂၆ ရက်နေ့တုန်းက အာဆီယံ အစည်းအဝေး တစ်ခုကနေ ထွက်ခွာလာတဲ့ နိုင်ငံခြား ယာဉ်တန်း တစ်ခုကို လိုက်ပါ စောင့်ရှောက်ဖို့ ရွေ့လျားနေတဲ့ ကားပေါ် ခုန်တက်သွားကြတဲ့ အမျိုးသမီး ကိုယ်ရံတော် နှစ်ယောက်ရဲ့ ဗီဒီယိုက လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့နောက် အခုလို ချီးကျူးမှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါသည်။ဗီဒီယိုထဲမှာတော့ အနက်ရောင် အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ ကိုယ်ရံတော်တွေဟာ ယာဉ်တန်းထဲက SUV တစ်စီးနောက် ပြေးလိုက်ပြီး နောက်ဖက် တံခါးတွေကို ဆွဲဖွင့်ပြီး အလိုက်သင့် ပြေးတက်သွားကြတာကို တွေ့ရပြီး ၎င်းတို့ဟာကားထဲကို ဝင်မစီးဘဲ တံခါးဖွင့်လျက်သား အခြေအနေမှာ ခြေနင်းဘောင်ပေါ် မတ်တပ်ရပ်ရင်း လိုက်ပါသွားကြတာ ဖြစ်ပါသည်။ထို့ကြောင့် မလေးရှား လုံခြုံရေး တပ်ဖွဲ့ဝင် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ထူးကဲကြောင်း အင်တာနက် အသုံးပြုသူ တစ်ဦးက မှတ်ချက်ပြုခဲ့ပါသည်။



