မြန်မာပြည်တွင်း ဈေးများရှိ ယနေ့ ဟင်းသီးဟင်းရွက် ဈေးများ

Oct 28 • 3:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်း ဈေးများရှိ ယနေ့ ဟင်းသီးဟင်းရွက် ဈေးများ

မြန်မာပြည်တွင်းရပ်ကွက်ဈေးများတွင် ဟင်းသီးဟင်းရွက်များ ဈေးအနည်းငယ်ပြန်တက်သည်။ ပဲသီးရှည်တစ်စည်း ၁,၂၀၀ ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၅၀၀ ကျပ်၊ မုန်လာပင်ပေါက်တစ်စည်း ၅၀၀...

မြန်မာပြည်တွင်းရပ်ကွက်ဈေးများတွင် ဟင်းသီးဟင်းရွက်များ ဈေးအနည်းငယ်ပြန်တက်သည်။ ပဲသီးရှည်တစ်စည်း ၁,၂၀၀ ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၅၀၀ ကျပ်၊ မုန်လာပင်ပေါက်တစ်စည်း ၅၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့် ၄,၀၀၀ ကျပ်၊ နံနံပင်အစည်း သေးတစ်စည်း ၅၀၀ ကျပ်ဈေးတို့ဖြင့် ဈေးပြန်တက်သည်။ဆူးပုပ်ရွက်တစ်စည်း ၈၀၀ ကျပ်၊ မုန်လာဥနီအသေးတစ်ဆယ်သား ၁,၀၀၀ ကျပ်၊ မုန်လာဥနီ အကြီးတစ်လုံး ၂,၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂,၀၀၀ ကျပ်၊ မုန်ညင်းဖြူထုပ်တစ်ထုပ် ၁,၅၀၀ ကျပ်၊ ယိုဒယားရွှေဖရုံသီးတစ်လုံး ၁,၅၀၀-၁,၈၀၀ ကျပ်ဈေးတို့ဖြင့် အမြင့်ဈေးများတွင်ရှိသည်။မုန်ညင်းစောတစ်စည်း ၁,၅၀၀ ကျပ်၊ ဆလပ်ရွက်တစ်စည်း ၈၀၀ ကျပ်၊ ကိုက်လန်ရွက်တစ်စည်း ၁,၃၀၀ ကျပ်၊ ဖရုံညွန့်တစ်စည်း ၁,၃၀၀ ကျပ်၊ မုန်လာဥဖြူတစ်စည်း ၁,၇၀၀ ကျပ်ဈေးများဖြင့် အမြင့်ဈေးများအတိုင်း ရှိသည်။ဘူးညွန့်တစ်စည်း ၇၀၀ ကျပ်၊ ဟင်းနုနွယ်ရွက်တစ်စည်း ၇၀၀ ကျပ်၊ တရုတ်ကန်စွန်းရွက်တစ်စည်း ၁,၀၀၀ ကျပ်၊ ထိုင်ဝမ်ကန်စွန်းရွက်တစ်စည်း ၆၀၀ ကျပ်၊ ကန်စွန်းရိုးနီတစ်စည်း ၃၀၀ ကျပ်ဈေးတို့ဖြင့် စားသုံးသူများသောဟင်းသီးဟင်းရွက်များက ပုံမှန်အမြင့်ဈေးအတိုင်းရှိသည်။

news-view-count-icon

44