ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌဖြစ်သူ အင်ဖန်တီနိုက အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအတွက် FIFA ASEAN Cup ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ASEAN Summit တက် ရောက်လာချိန်မှာ ထည့်သွင်းပြောကြားခဲ့ပါသည်။(၄၇) ကြိမ်မြောက် ASEAN Summit ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာ ၂၆ ရက်က ၂၈ ရက်အထိ ပြုလုပ်နေလျက်ရှိပါသည်။ASEAN Summit ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌဖြစ်သူ အင်ဖန်တီနို တက်ရောက်ခဲ့ပြီး ဖီဖာနဲ့ အာဆီယံကြား ဆက်လက်ပူးပေါင်းလက်တွဲဆောင်ရွက်ရန် (၅) နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါသည်။အဲဒီနောက် ဖီဖာဥက္ကဌ အင်ဖန်တီနိုက အရှေ့တောင်အာရှဒေသတွင်း ယခုထက် ဘောလုံးဖွံ့ဖြိုးတိုးတက်လာစေရန် FIFA ASEAN Cup ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။



