မန္တလေးတိုင်း၊မိုးကုတ်မြို့လယ်တွင်ရှိသော ကန်ဘောင်ပေါ်တွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့

Oct 27 • 6:35 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊မိုးကုတ်မြို့လယ်တွင်ရှိသော ကန်ဘောင်ပေါ်တွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့

မန္တလေးတိုင်း၊မိုးကုတ်မြို့လယ်မှာရှိသည့် ကန်ဘောင်တစ်ခုမှာ ယမန်နေ့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီမှာ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦး...

မန္တလေးတိုင်း၊မိုးကုတ်မြို့လယ်မှာရှိသည့် ကန်ဘောင်တစ်ခုမှာ ယမန်နေ့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီမှာ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါသည်။အဆိုပါ အမျိုးသားဟာ မိုးကုတ်မြို့မှာ နေထိုင်တဲ့ ဂေါ်ရခါးလူမျိုးဖြစ်ပြီး အသက်အရွယ်အလတ်ပိုင်းသာ ဖြစ်ပါသည်။" မနေ့ကမှ ရေပေါ်မှာပေါ်လာတာ တွေ့လို့ ဆယ်ကြတာ၊ အရက်သောက်လွန်ပြီး ပြုတ်ကျတာလားမသိဘူး၊ အရင်နှစ်ရက်က ဂေါ်ရခါးလူမျိုးရဲ့ ပွဲတော်ဆိုတော့ သူတို့ တစ်ညလုံး သောက်စားနေကြတာ။ အလောင်းကို အခုဆေးရုံမှာစစ်ဆေးနေတာမို့ မသိနိုင်‌သေးဘူး"လို့ ဒေသခံတစ်ဦးက ပြောပါသည်။ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က ဂေါရခါးလူမျိုးတွေရဲ့ ဒေဝါလီပွဲတော်ရှိခဲ့တာကြောင့် အရက်အလွန်အကျုးသောက်ပြီး ဘောင်ကန်ထဲ ပြုတ်ကျတာလည်းဖြစ်နိုင်တယ်လို့ အဆိုပါအမျိုးသားက ပြောပါသည်။အမျိုးသားရဲ့ရုပ်အလောင်းကိုတော့ မိုးကုတ်မြို့ ဆေးရုံမှာ အခုလက်ရှိ စစ်ဆေးနေဆဲတာဖြစ်ပါသည်။

news-view-count-icon

27