ရန်ကုန်တိုင်း၊လှည်းတန်းလမ်းဆုံအနီး၊တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ) ကားမှတ်တိုင် တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုများ မကြာခဏဖြစ်ပွားနေ

Oct 27 • 6:23 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊လှည်းတန်းလမ်းဆုံအနီး၊တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ) ကားမှတ်တိုင် တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုများ မကြာခဏဖြစ်ပွားနေ

ရန်ကုန်တိုင်း၊ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းဆုံအနီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ)ကားမှတ်တိုင်တွင်တွင် အုပ်စုဖွဲခါးပိုက်နှိုက်မှုမကြာခဏဖြစ်ပွား...

ရန်ကုန်တိုင်း၊ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းဆုံအနီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ)ကားမှတ်တိုင်တွင်တွင် အုပ်စုဖွဲခါးပိုက်နှိုက်မှုမကြာခဏဖြစ်ပွားနေကာ ရန်ပြုခံရမည်ကိုစိုးရိမ်၍ ခါးပိုက်နှိုက်နေသည်ကို သိရှိသူများလည်း နှုတ်ဆိတ်နေရကြောင်း YBS‌ နေ့စဉ်စီးနင်သူပြည်သူများကညပြောပါသည်။ထိုအုပ်စုဖွဲခါးပိုက်နှုက်သူများသည် YBS ယာဉ်ပေါ်တွင် နေ့စဉ်သွားလာသည့်ဝန်ထမ်းများသဖွယ် ဝတ်ဆင်ပြီး ဖုန်းများကို အဓိကပစ်မှတ်ထားနှိက်ယူခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် YBS ယာဉ်ပေါ်မတက်မီ အပေါက်ဝတွင်ပင် ပေါ်တင်လုယူမှုများပင်ရှိနေတာ ဖြစ်ပါသည်။ကမာရွတ်မြိုနယ်ရဲစခန်းသို ဆက်သွယ်၍ အရေးယူပေးရန်တိုင်ကြားခဲ့မှုများရှိခဲ့သော်လည်း ထိရောက်သောအရေးယူမှုမရှိသေးဘဲ ခါးပိုက်နှိုက်များဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါသည်။ခါးပိုက်နှိုက်ကျူးလွန်သူများကို ဖမ်းဆီးအရေးယူပေးရန် တောင်းဆိုမှုများရှိနေပြီး လှည်တန်းလမ်းဆုံတွင် သာမက လူဦးရေးထူထပ်သည့် နေရာများတွင် ခါးပိုက်နှိုက်များလှည့်လည် ကျင်လည်လျက်ရှိနေတာ ဖြစ်ပါသည်။

news-view-count-icon

47