မန္တလေးမြို့ပေါ် (၆)မြို့နယ်တွင် မီးပွိုင့်စုစုပေါင်း (၁၃၀)တပ်ဆင်ထားသည့်အနက် မြန်မာနိုင်ငံ၌ မန္တလေးမြို့တွင် ပထမဆုံး တပ်ဆင်အသုံးပြုသည့် SCAT Controller မီးပွိုင့်အ မျိုးအစားကို (၆၅)ခုအထိ တပ်ဆင်အသုံးပြုလာပြီးဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သိရသည်။အဆိုပါ မီးပွိုင့်စနစ်ကို နိုင်ငံပေါင်း(၁၆၈)နိုင်ငံတွင် အသုံးပြုနေပြီး မြန်မာနိုင်ငံ၌ မန္တလေးမြို့တွင် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်ကစတင်ကာ ပထမဆုံး အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မန္တလေးမြို့တော်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောကျပ်တည်းမှု လျှော့ချနိုင်ရေးအတွက် SCATS အမျိုးအစားမီးပွိုင့် (၆၅) ခု၊ Individual Loop Sensor မီးပွိုင့် (၂ ၅) ခု၊ ရိုးရိုး Timer သုံး LED မီးပွိုင့် (၃၂ ခု) စုစုပေါင်း (၁၂ ၂) ခု တပ်ဆင်အသုံးပြုလျက်ရှိသည့်အပြင် မီးပွိုင့်များနှင့် လိုအပ်သောနေရာများ၌ CCTV များတပ်ဆင်ကာ ယာဉ်အသွားအလာများကို မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



