ဆောမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ကလေးမလေးကို သားမယားပြုကျင့် သ-တ်ဖြ-တ်ခဲ့ပြီး သေဆုံးသူကို ဆေးရုံကုတင်အောက် ဖွက်ထားတယ်လို့ဆို

Oct 26 • 1:11 PM

breaking-news

မြန်မာ

မကွေး

cover

ဆောမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ကလေးမလေးကို သားမယားပြုကျင့် သ-တ်ဖြ-တ်ခဲ့ပြီး သေဆုံးသူကို ဆေးရုံကုတင်အောက် ဖွက်ထားတယ်လို့ဆို

အောက်တိုဘာလ ၂၁ ရက်နေ့က ဆောမြို့၊ သီရိ(ရတနာ)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၃ အရွယ်မိန်းကလေးဟာ ဖခင်နဲ့သိကျွမ်းတဲ့ ခင်မင်သူရဲ့ခေါ်ဆိုမှုကြောင့် နေအိမ်ကခေတ္တလိုက်သွားရာ...

အောက်တိုဘာလ ၂၁ ရက်နေ့က ဆောမြို့၊ သီရိ(ရတနာ)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၃ အရွယ်မိန်းကလေးဟာ ဖခင်နဲ့သိကျွမ်းတဲ့ ခင်မင်သူရဲ့ခေါ်ဆိုမှုကြောင့် နေအိမ်ကခေတ္တလိုက်သွားရာက ပြန်မလာတော့တာလို့သိရပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှ ရုပ်အလောင်းကို တွေ့ခဲ့တာလို့ သိရပါတယ်။သေဆုံးသူမှာ အသက် ၁၃ နှစ်အရွယ် မအေးငြိမ်းလင်း ဖြစ်တယ်လို့သိရပြီး အရင်က မိသားစုနဲ့သိကျွမ်းဝင်တဲ့ ကိုမင်းမင်းစိုး ၂၁ နှစ်က လိမ်လည်ခေါ်ယူကာ သားမယားပြုကျင့်ပြီး သ-တ်ဖြ-တ်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းချက်အရ မနေ့ကညနေ ၄ နာရီခန့်က တရားခံကိုဖမ်းဆီးရမိစဥ် ထွက်ဆိုတယ်လို့ သိရပါတယ်။



news-view-count-icon

176