မွန်ပြည်နယ်၊မော်လမြိုင်မြို့ လောင်းကစားဝိုင်းများကို အကောက်ငွေတိုးကောက်နေကြောင်း ဒေသခံများကပြောသည်။မော်လမြိုင်မြို့ပေါ်တွင် ယခုနှစ်အတွင်း ဝါတွင်းကာလ၌ ခေတ္တရပ်နားပြီးနောက် သီတင်းမကျွတ်မီက တည်းက လောင်းကစားဝိုင်းများ ထပ်မံပြုလုပ်လျက်ရှိရာ ယခင်က အ ကောက်ငွေ တစ်ညကျပ်၃ သိန်း ပေးခဲ့ရသော အနီထောင်ဝိုင်းသည် ယခုအခါ ကျပ်၅သိန်းနှင့် ဂလုတ်ဂလုတ်တစ်ခုံကို ယခင် တစ်သိန်းမှ ယခု၂သိန်း တိုးကောက်နေကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးကပြောသည်။ဝါမဝင်မီက မော်လမြိုင်မြို့ပေါ်လောင်းကစားဝိုင်းများကို တစ်ရပ်ကွက်ပြီးမှ တစ်ရပ်ကွက် ဇာတ်ပွဲ ဟန်ပြသွင်း၍ ပြုလုပ်ကြသော်လည်း ယခုအခါ တစ်ညတည်းနှင့် ၂နေရာ၊၃နေရာ တစ်ပြိုင်နက်ပြု လုပ်လာကြပါသည်။စေတီပုထိုးများစွာနှင့် ဘုန်းကြီးကျောင်းများစွာတို့ဖြင့် တင့်တယ်နေသော မော် လမြိုင်မြို့သည် ယခုအခါ လောင်းကစားမြို့တော် အဖြစ် နာမည်ပျက်ခဲ့ရပြီဟုလည်း ၎င်းက ဆိုသည်။
မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ လောင်းကစားဝိုင်းများကို မပိတ်ပင်ဘဲ အကောက်ငွေသာ တိုးမြှင့်ကောက်ခံနေ
Oct 26 • 5:03 AM
မြန်မာ
မွန်
မျှဝေမည်
| 10 | 0 | 0 | 0 |


