မကွေးတိုင်း၊စလင်းမြို့ အထက ကျောင်းတွင် G-10 ကျောင်းသူကို ကျောင်းသား လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်ခဲ့

Oct 26 • 3:11 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးတိုင်း၊စလင်းမြို့ အထက ကျောင်းတွင် G-10 ကျောင်းသူကို ကျောင်းသား လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်ခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် အမှတ် ၁ - အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁)မှာ ပညာသင်ကြားနေတဲ့ Grade – 10 ကျောင်းသူကို ရည်းစာ...

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် အမှတ် ၁ - အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁)မှာ ပညာသင်ကြားနေတဲ့ Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ကူးပြီး တယ်လီဂရမ် အွန်လိုင်းမှာ ဖြန့်ဝေမှု အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါသည်။စလင်းမြို့ပေါ်ရှိ အ.ထ.က - ၁ ကျောင်းမှာ Grade – 10 ပညာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကို ရည်စားဖြစ်တဲ့ Grade – 12 ကျောင်းသားက မွေးနေ့ပွဲ ရှိတယ်ဆိုပြီး ချိန်းဆိုကာ အရက်သေစာသောက်စားပြီးနောက် သူငယ်ချင်း သုံးယောက်နဲ့အတူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါသည်။အရက်သေစာသောက်စားပြီး ရည်စားဖြစ်သူနဲ့ အဖွဲက ဝိုင်ဝန်းအဓမ္မပြုကျင့်ခဲ့တာကြောင့် သတိမေ့မျောခဲ့ရာမှ ပြန်လည်သတိရလာချိန် ဘေးပတ်ဝန်းကျင်ကို ကျောင်းသူက အကူညီတောင်းခံခဲ့ရာမှ ဆေးရုံကို ဒေသခံတွေက ကူညီပို့ဆောင်ပေးခဲ့ရတာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါသည်။လက်ရှိမှာ ကျောင်းသူဖြစ်သူကို အုပ်စုဖွဲ့ အဓမ္မပြုကျင်ခဲ့တဲ့ ရည်စားဖြစ်သူအပါဝင် လေးဦးကို ရဲစခန်းက ခေါ်ဆောင်သွားတယ်လို့ ‌‌ ဒေသခံများက ပြောပါသည်။

news-view-count-icon

1.6k