ထိုင်းဘုရင့်နန်းတော်မှ ၂၅၆၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင် ထုတ်ပြန်သည့် ကြေညာချက်အရ ဘုရင်မကြီး သီရိခေတ်(Somdet Phra Nang Chao Sirikit Phra Borommarachininat Phra Borommaratchachonnani Phanpi Luang) သည် အသက် ၉၃ နှစ်အရွယ်တွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း ဆေးရုံ ၌ ည ၉ နာရီ ၂၁ မိနစ်တွင် အေးချမ်းစွာ နတ်ရွာစံ (စံလွန်တော်မူ) သွားကြောင်း သိရသည်။ ဘုရင်မကြီးသည် ၂၅၆၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ကတည်းကပင် ရောဂါများကို စောင့်ကြည့်ကုသရန် ဆေးရုံတက်ရောက်နေခဲ့ရပြီး၊ အောက်တိုဘာ ၁၇ ရက်မှစ၍ သွေးထဲတွင် ပိုးဝင်သည့် အခြေအနေကြောင့် ဖျားနာခဲ့ကာ ဆေးကုသမှုများ ပြုလုပ်သော်လည်း ရောဂါအခြေအနေ ဆိုးရွားလာ၍ နတ်ရွာစံခဲ့ခြင်းဖြစ်သည်။ ဘုရင်မင်းမြတ်၏ အမိန့်တော်အရ ဘုရင့်နန်းတော်ရုံးက နတ်ရွာစံအလောင်းတော်ကို နန်းတော်ကြီးအတွင်းရှိ ဒူဆစ်မဟာပါးဆာ့တ် ရာဇပလ္လင်ခန်းမဆောင်တွင် အမြင့်ဆုံးဂုဏ်ပြုအခမ်းအနားဖြင့် ထားရှိမည်ဖြစ်ပြီး၊ ဘုရင့်မိသားစုဝင်များနှင့် နန်းတွင်းဝန်ထမ်းများအားလုံး နတ်ရွာစံသည့်နေ့မှစ၍ တစ်နှစ်တိတိ ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ဝတ်ဆင်ကြရမည်ဖြစ်ကြောင်း သိရသည်။


ထိုင်းဘုရင်မကြီး သီရိခေတ်(Sirikit) အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံ၊ ဘုရင့်နန်းတော်မှ တရားဝင် ထုတ်ပြန်
Oct 25 • 1:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 61 | 0 | 0 | 0 |


