စင်ကာပူနိုင်ငံရှိ ဘတ်စ်ကား ပေါ်တွင် စပါးအုံးမြွေ တွေ့ရှိ

Oct 24 • 3:17 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူနိုင်ငံရှိ ဘတ်စ်ကား ပေါ်တွင် စပါးအုံးမြွေ တွေ့ရှိ

စင်္ကာပူနိုင်ငံ၊ Woodlands အရပ်ရှိ Christ Church Secondary School အနီး၌ SMRT မှ ပြေးဆွဲသော ဘတ်စ်ကားအမှတ် ၉၀၁M ပေါ်တွင် မထင်မှတ်ထားသော ဧည့်သည်တစ်ဦး ဝင်ရောက်လာကြေ...

စင်္ကာပူနိုင်ငံ၊ Woodlands အရပ်ရှိ Christ Church Secondary School အနီး၌ SMRT မှ ပြေးဆွဲသော ဘတ်စ်ကားအမှတ် ၉၀၁M ပေါ်တွင် မထင်မှတ်ထားသော ဧည့်သည်တစ်ဦး ဝင်ရောက်လာကြောင်း ခရီးသည်များက တွေ့ရှိခဲ့ရသည်။ယင်းဧည့်သည်မှာ မြွေတစ်ကောင်ဖြစ်ပြီး ၎င်းသည် ဘတ်စ်ကား၏ ရှေ့လေကာမှန်ပေါ်တွင် လျှောတိုက်သွားနေသည်ကို ဗီဒီယိုထဲ၌ တွေ့ရသည်။မြွေကို ခဏတွေ့ရှိပြီးနောက် ချက်ချင်းပျောက်ဆုံးသွားခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့ကာ နောက်တစ်နေ့ဖြစ်သည့် အောက်တိုဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် ဘတ်စ်ကားထဲ၌ မြွေကို ထပ်မံတွေ့ရှိကြောင်း Acres အဖွဲ့သို့ ဖုန်းခေါ်ဆိုမှု ထပ်မံဝင်ရောက်လာခဲ့သည်။ ထိုအခါမှ Acres Wildlife Rescue အဖွဲ့သည် ကားနောက်ဘက်ရှိ ထိုင်ခုံတစ်ခု၏ အောက်တွင် ခွေနေသောစပါးအုံးမြွေကလေး (juvenile reticulated python) တစ်ကောင်ကို ဘေးကင်းစွာကယ်ဆယ်ပေးခဲ့ပါသည်။

news-view-count-icon

7