ရှမ်းပြည်နယ် နမ့်စန်–လွိုင်လင်လမ်း တွင် ကားပျက်ပြီး ပျောက်ဆုံးနေသည့်လူငယ် ဆယ်ရက်ကြာပြီးနောက် အဆက်သွယ်ပြန်လည်ရရှိခဲ့

Oct 24 • 2:05 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် နမ့်စန်–လွိုင်လင်လမ်း တွင် ကားပျက်ပြီး ပျောက်ဆုံးနေသည့်လူငယ် ဆယ်ရက်ကြာပြီးနောက် အဆက်သွယ်ပြန်လည်ရရှိခဲ့

ရှမ်းပြည်နယ် တောင်ပိုင်း၊ အေးသာယာမြို့သို့ ပြန်လာစဉ် နမ့်စန်-လွိုင်လင် လမ်းတွင် အောက်တိုဘာလ (၁၄)ရက်နေ့၌ ကားပျက်ကာ ကား ပြောင်းစီးရင်း ပျောက်ဆုံးသွားသည့် လူငယ် တစ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ အေးသာယာမြို့သို့ ပြန်လာစဉ် နမ့်စန်-လွိုင်လင် လမ်းတွင် အောက်တိုဘာလ (၁၄)ရက်နေ့၌ ကားပျက်ကာ ကား ပြောင်းစီးရင်း ပျောက်ဆုံးသွားသည့် လူငယ် တစ်ဦးသည် ဆယ်ရက်အကြာ ပြန်လည် တွေ့ရှိပြီးဖြစ်ပါသည်။"မနေ့ ညမှ ဖုန်းအဆက်သွယ်ပြန်ရတယ်၊ သူကတော့ ဘာမှ တော့မရှင်းပြသေးဘူး၊ ခုက နမ့်စန်မှာပဲရှိ သေးတယ်၊ အိမ်မရောက်သေးလို့ သေချာ မမေးရသေးဘူး၊ သူ့ဆရာမ လာထုတ်ပေးတယ် ပြောတာပဲ သူအလုပ်ထဲက ဆရာမက သူရှိတဲ့နေရာကို ပြောထားလို့ထင်တယ် သူနားလာ တွေ့ပေးတယ် သူလွတ်နေပြီးပဲသိတယ်၊ အဲ့နေ့သူပြောင်းစီးတဲ့ ကားက လိုင်စင်မဲ့ကားပုံစံလို ဖြစ်နေလို့လားမသိပါဘူး" ဟု မိသားစုဝင် တစ်ဦးမှ ပြောသည်။အဆိုပါ လူငယ်သည် ကျိုင်းတုံမြို့မှ အေးသာယာမြို့သို့ မိခင်နာရေးအတွက် ပြန်လာစဉ်တွင် ယာဉ်ပျက်မှုကြောင့် ကားပြောင်းစီးရင်း အဆက်အသွယ် ပြတ်သွားခဲ့သူ ဖြစ်သည်။

news-view-count-icon

8