ကချင်ပြည်နယ်မှ တိုင်းရင်းသားရိုးရာဝတ်စုံများကို ဖော်ထုတ်ကာ နိုင်ငံတကာပွဲများတွင် ပြသရန်စီစဉ်နေကြောင်း မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အတွင်းရေးမှူး ဦးသန်းထွန်းစိုးက ဒို့ကျေးရွာသို့ ပြောသည်။ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းရုံးခွဲကို လက်ရှိတွင် မန္တလေးမြို့တစ်ခုတွင်သာ ဖွင့်လှစ်ထားပြီး ရှမ်းပြည် နယ်၊ တောင်ကြီးမြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့တွင် ဖွင့်လှစ်ရန် ပြင်ဆင်နေပါသည်။"မြစ်ကြီးနားဒေသဆိုရင် သူတို့ရဲ့တိုင်းရင်းသားတွေရဲ့ဝတ်စုံတွေကို သူတို့ဘက်ကတင်ပြရင် ကျွန်တော်တို့ဘက်က ဖော်ထုတ်ပြီးတော့ နိုင်ငံတကာကိုလည်း ပွဲတွေဘာတွေမှာ ကျွန်တော်တို့ ဒီဝတ်စုံတွေကို ခင်းကျင်းပြသဖို့ အဲဒီလိုတော့ ရည်ရွယ်ချက်ရှိပါတယ်"ဟု မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပြောပါသည်။



