အဆိုတော် ချယ်ရီသင်းက သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တီးခတ်ပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဆုံးပါးသွားခဲ့တဲ့ တေးရေးဆရာအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်နေတာလည်းပါ။ သူမကိုနာမည်ရစေခဲ့တဲ့ ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် သီချင်းကိုရေးသားခဲ့တဲ့ တေးရေးဆရာဖြစ်ပြီး သူမဘဝရဲ့ နာမည်ရ ပထမဆုံးသီချင်းဖြစ်လို့ သူမဘဝရဲ့ ပထမဆုံးတွေကိုစုပြီး ပွဲလုပ်ချင်ခဲ့တာပါ။ ဆရာဖြစ်သူရဲ့ နောက်ဆုံးခရီးလေးမှာတော့ ချယ်ရီသင်းကိုယ်တိုင်ရှိနေခဲ့ပြီး ဂါရဝပြုရှိခိုးကန်တော့ခဲ့ပါတယ်။



