ယမန်နေ့ အောက်တိုဘာလ ၂၂ရက်နေ့က မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းတွင် Grade 11 ကျောင်းသား ကျောင်းသူ ၃ ယောက်ကို ဓားနဲ့ထိုးသွားလို့ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေက ပြောပါသည်။ယမန်နေ့ ထမင်းစားဆင်းချိန် နေ့လယ် ၁၂နာရီကျော်ချိန်တွင် လူငယ်တစ်ဦးက Grade 11 မှ ညီမဖြစ်သူကို အအေးဘူး ပေးမယ်ဆိုပြီး စာသင်ခန်းအတွင်းသို့ အတင်းဝင်ကာ ကျောင်းသူတယောက်ကို လည်ပင်းညှစ် ဓားနဲ့ထိုးပြီး ဝင်ဆွဲတဲ့ ကျောင်းသားတယောက်နဲ့ ကျောင်းသူတယောက်ကိုပါ ဓားနဲ့ ထိုးသွားသည်ဟု မြို့ခံတစ်ယောက်က ပြောပါသည်။ဓားနဲ့ထိုးခံရသူတွေဟာ Grade 11 ဘီ ဝိဇ္ဇာတွဲအခန်းမှ မစုမြတ်နိုးဦး၊ မရွှေစင်ငြိမ်းနဲ့ မောင်ဝင်းထွန်းမျိုး တို့ဖြစ်ပြီး မန္တလေးဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ထားရပြီး တရားခံမှာ ထွက်ပြေးသွားတယ်ဟု အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါသည်။ဓားနှင့် အထိုးခံရတဲ့ အကြောင်းရင်းကို မသိသေးကာ တရားခံ ဝိုင်းဝိုင်း ဆိုသူ လူငယ်ကို ရဲတွေက ဖမ်းမမိသေးဘူးလို့ ၎င်းက ပြောပြပါသည်။
မန္တလေးတိုင်း၊အမရပူရမြို့ရှိ မြစ်ငယ်အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၃ဦး ဓားထိုးခံလိုက်ရ
Oct 23 • 5:17 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 31 | 0 | 0 | 0 |


