ထိုင်းနိုင်ငံတွင် ကျင်းပမည့် Sea Games ကိုဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့ အုပ်စုခွဲဝေမှု ဇယားထွက်ပေါ်လာပြီ ဖြစ်

Oct 23 • 4:13 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

ထိုင်းနိုင်ငံတွင် ကျင်းပမည့် Sea Games ကိုဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့ အုပ်စုခွဲဝေမှု ဇယားထွက်ပေါ်လာပြီ ဖြစ်

ထိုင်းနိုင်ငံတွင်ကျင်းပမည့် 33rd SEA GAMES THAILAND 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာအသင်းယှဥ်ပြိုင်ရမည့် အုပ်စုဇယားထွက်ပေါ်လာပြီဖြစ်ပါသည်။မြန်မာအမျိ...

ထိုင်းနိုင်ငံတွင်ကျင်းပမည့် 33rd SEA GAMES THAILAND 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာအသင်းယှဥ်ပြိုင်ရမည့် အုပ်စုဇယားထွက်ပေါ်လာပြီဖြစ်ပါသည်။မြန်မာအမျိုးသားအသင်း(Men Team Regu)အနေဖြင့် အုပ်စု(A) တွင် မလေးရှား၊ ဖိလစ်ပိုင်စင်ကာပူအသင်းများဖြင့် ကျရောက်နေပြီး၊ မြန်မာအမျိုးသမီးအသင်း(Women Team Regu)အနေဖြင့် အုပ်စု (B)တွင် မလေးရှား၊ အင်ဒိုနီးယား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအမျိုးသားအသင်း (Men Quadrant)သည်လည်း အုပ်စု(A)တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောနှင့် ထိုင်းအသင်းတို့ဖြင့် ကျရောက်နေသလို မြန်မာအမျိုးသမီး(Women Quadrant)က အင်ဒိုနီးရှား၊ မ‌လေးရှား၊ ထိုင်းအသင်းတို့နှင့်အတူ ကျရောက်နေပါသည်။ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို၊ ချောင်ဘူရီမြို၊ ဆောင်ခလာမြို့တို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။

news-view-count-icon

13