စင်ကာပူတွင် အိမ်ရှင်အမျိုးသားနှင့် ဖောက်ပြန်မှု ဖုံးကွယ်ရန် အင်ဒိုနီးရှား အိမ်အကူ လိမ်လည်တိုင်ကြား

Oct 23 • 3:01 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် အိမ်ရှင်အမျိုးသားနှင့် ဖောက်ပြန်မှု ဖုံးကွယ်ရန် အင်ဒိုနီးရှား အိမ်အကူ လိမ်လည်တိုင်ကြား

အင်ဒိုနီးရှားနိုင်ငံသူ အိမ်အကူတစ်ဦးသည် ၎င်း၏အလုပ်ရှင် အမျိုးသားနှင့် ဖောက်ပြန်မှုကို အဆုံးသတ်လိုသောကြောင့် အဆိုပါအမျိုးသားက သူမအား မုဒိမ်းကျင့်သည်ဟု ရဲတပ်ဖွဲ့ထံ...

အင်ဒိုနီးရှားနိုင်ငံသူ အိမ်အကူတစ်ဦးသည် ၎င်း၏အလုပ်ရှင် အမျိုးသားနှင့် ဖောက်ပြန်မှုကို အဆုံးသတ်လိုသောကြောင့် အဆိုပါအမျိုးသားက သူမအား မုဒိမ်းကျင့်သည်ဟု ရဲတပ်ဖွဲ့ထံ လိမ်လည်တိုင်ကြားခဲ့မှုအတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် တစ်ပတ်ကြာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါသည်။ သူမသည် ရဲအရာရှိတစ်ဦးအား သတင်းအချက်အလက် အမှားပေးမှုဖြင့် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်ပါသည်။အဆိုပါအမှုကိုတရားရုံးမှလျော့ပေါ့၍ ထောင်ဒဏ်တစ်ပတ်သာချမှတ်ခဲ့သော်လည်း ထိုသို့အရာရှိတစ်ဦးအား သတင်းအချက်အလက် အမှားပေးမှုအတွက် ပြစ်မှုကျူးလွန်သူသည် ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်ပါသည်။

news-view-count-icon

13