စစ်ကိုင်းတိုင်း၊မုံရွာမြို့၌ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်

Oct 22 • 4:35 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊မုံရွာမြို့၌ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်

မြန်မာသက္ကရာဇ်၁၃၈၇ ခု၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁ ရက် (စနေနေ့) မွန်းလွဲပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင...

မြန်မာသက္ကရာဇ်၁၃၈၇ ခု၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁ ရက် (စနေနေ့) မွန်းလွဲပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်း မဟာဘုံကထိန် အလှူတော် ပဒေသာပင်များကို မြင်ရသူအပေါင်း ကြည်နူး၍ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် မြို့တွင်းသို့ လှည့်လည်ပူဇော်မည် ဖြစ်ပါသည်။ မုံရွာမြို့၊ ကန်သာယာ၊ ရာပြည့်ကပ်ကျော်စေတီတော်၌ ၁၃၈၇ ခု၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မသိုး သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ ဘုရားအနေကဇာတင် လှူပွဲနှင့်သံဃာအပါး ၁,၀၀၀ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ပါသည်။ယင်းနေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်ထောင်စုရင်ပြင်၌ စတုဒီသာမဏ္ဍပ်များဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ ညပိုင်းတွင် မီးပုံးပျံအသေး ၂,၀၀၀ လုံး၊ မီးပုံးပျံအကြီး ၅၀၀ လုံးတို့နှင့်အတူ မီးရှူးမီပန်းများလည်း တပျော်တပါးလွှတ်တင်ပေးမည်ဖြစ်သည်။

news-view-count-icon

13