ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်ဂုံးတံတားအဆင်းမှာ ရည်းစားနဲ့စကားများပြီး ရွှေဂုံတိုင်တံတားအဆင်း ကားလမ်းမပေါ် လှဲအိပ်ခဲ့တဲ့ ကောင်မလေး ကားကြိတ်ခံရပြီးသေဆုံးမှုဖြစ်ပွား

Oct 22 • 2:11 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်ဂုံးတံတားအဆင်းမှာ ရည်းစားနဲ့စကားများပြီး ရွှေဂုံတိုင်တံတားအဆင်း ကားလမ်းမပေါ် လှဲအိပ်ခဲ့တဲ့ ကောင်မလေး ကားကြိတ်ခံရပြီးသေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်ဂုံးတံတားအဆင်းမှာ ကားလမ်းမပေါ် လှဲချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ အမျိုးသမီးတယောက် ကားတက်...

ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်ဂုံးတံတားအဆင်းမှာ ကားလမ်းမပေါ် လှဲချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ အမျိုးသမီးတယောက် ကားတက်ကြိတ်ခံရပြီး သေဆုံးမှု အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ကားတက်ကြိတ်ခံရပြီး သေဆုံးသွားတဲ့ ကောင်မလေးက အသက် ၂၃ နှစ်အရွယ် မလင်းပြည့်အိမ်ဆိုသူဖြစ်ပြီး မင်္ဂလာဒုံမြို့နယ် ၊ စွယ်တော်အိမ်ရာမှာနေထိုင်သူဖြစ်ကြောင်း၊ မိသားစုနဲ့အဆက်အသွယ်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။ အဆိုပါဖြစ်စဉ်မှာ-ကားကြိတ်ခံရတဲ့အနားမှာ သူရဲ့ ခရီးဆောင်အိတ်တွေလည်းတွေ့တယ်။ ကောင်မလေးက ကလောကနေ ပြန်ရောက်လာလာချင်းအိမ်တောင်မရောက်လောက်သေးဘူးထင်တယ်။ ကလောကပြန်လာတဲ့အဝတ်အစားနဲ့ပဲဆိုတော့လေ။သူ့အကောင့်မှာလည်းတင်ထားတယ်။ ရည်းစားအတွက်နဲ့များ ကိုယ့်အသက်ကို စတေးရတယ်လို့ အတွေးတွေမှားသွားတာပေါ့။ခုမှအသက်ငယ်ငယ်လေးကို မိဘတွေရင်ကျိုးပြီလေ။ကလေးမလေးက ဖြူဖြူချောချောလေး။ကားကတက်ကြိတ်တာပေါင်ရိုးဖြတ်ကျိုးတယ်သိရတယ်။" လို့ ဖြစ်စဥ်သိရှိသူ တယောက်ကပြောပါတယ်။ မလင်းပြည့်အိမ်ရဲ့ ရုပ်အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း ၊ ကားကတော့ လူကို ဝင်တိုက်ပြီး မောင်းပြေးသွားတာကြောင့် ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

news-view-count-icon

44