ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့တွင်ရှိသော(ရေပူရေအေးခွက်စက်ရုံ)တွင်အလုပ်လုပ်နေသော မြန်မာ (MOU/CIဘတ်သစ်)ကိုင်ဆောင်ထားသောအလုပ်သမားကျား(၈၃)ဦးမ(၆၇)ဦးစုစုပေါင်း(၁၅၀)ဦးတို့သည်စက်တင်ဘာလနှင့်အောက်တိုဘာလ လစာမရရှိဘဲအလုပ်ထုတ်ခံခဲ့ရသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံသို့အကူအညီတောင်းခံလာကြောင်းပြောသည်။အဆိုပါအလုပ်သမား ၁၅၀ ဦးသည် ထိုစက်ရုံမှာအလုပ်လုပ်နေသည်မှာ သုံးလမှခြောက်လအထိရှိကြပြီဖြစ်ပြီး ချွန်ပူလီဘောဝင်းတွင်ရှိသော ဘတ်ငါးသန်းပွဲစားကို စမတ်ကြေးဘတ်၈,၀၀၀နှင့် ကျန့်ခေါက်ခ ဘတ် ၄,၅၀၀ပေးကာ စက်ရုံသို့အလုပ်ဝင်ထားခဲ့ကြခြင်းဖြစ်ပါသည်။အမှုဖွင့်ဖို့ ပွဲစားတွေရဲ့အချက်အလက်တွေယူနေပြီး၎င်းတို့ကမြန်မာပွဲစားတွေနဲ့ဝင်ထားတော့အမှုဖွင့်ဖို့ပွဲစားတွေရဲ့အချက်အလက်စုနေတုန်းဟု WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါသည်။
ထိုင်းနိုင်ငံ၊ရေပူရေအေးခွက်စက်ရုံမှမြန်မာလုပ်သား ၁၅၀ လစာနှစ်လစာမရရှိဘဲအလုပ်ထုတ်ခံရ
Oct 21 • 2:37 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


