ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် ကျောက် တိုင်ကွင်းတွင်အောက်တိုဘာလ ၁၉ ရက်မှ ၂၁ ရက် အထိအင်းသားအမျိုးသားနေ့ အခမ်းအနားနေကြောင်းသိရသည်။အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) နံနက် (၉) နာရီအချိန် တွင် အင်းသား အမျိုးသားနေ့ လူထုအခမ်းအနားကို ညောင်ရွှေမြို့ ၊ မြို့တော်ခန်းမတွင် ပြုလုပ်မည် ဖြစ်ပြီး ၊ ကျောက်တိုင်ကွင်းတွင်လည်း ဖျော်ဖြေရေး ပွဲများကို ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။အောက်တိုဘာလ ၂၀ ရက် တွင် အင်းသား စာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ လူငယ် ဆွေးနွေးပွဲ ပြုလုပ်လျှက် ရှိပြီး ၊ အင်းလေးကန် နှင့် ပတ်သက်သော သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များ အကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော အင်းလေးကန် ဇီ၀ဗေဒ ကောင်းကျိုး၊ ဆိုးကျိုး တို့ကို လူငယ် အမြင်များ ဆွေးနွေးလျက်ကြောင်း သိရသည်။တန်ဆောင်မုန်း လဆန်း (၁) ရက်နေ့ကို အင်းသား ဆုံဆည်းရာနေ့မှ အင်းသား အမျိုးသားနေ့ အဖြစ် သတ်မှတ်ပြီးပြောင်းလဲ ကျင်းပလာသည်မှာ ဆယ်ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း သိရသည်။



