ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ဘေလီတံတားအဆင်း ပါရမီလမ်းမပေါ်ရှိ စစ်တပ်ရဲ့ လုံခြုံရေးကင်းတဲအနီးရှိ ဆိုင်ခန်းတွေ အောက်တိုဘာ ၂၀ ရက် ဒီကနေ့ ညနေ ၄ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ဘုရားမီးပူဇော်ရာ အခန်းနံပါတ် ၈ ကနေ စတင်မီးလောင်တာဖြစ်ပြီး သင်္ဘောဆေးဆိုင်၊ စက်ဘီးဆိုင်တွေကို ကူးစက်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။သင်္ဘောဆေးဆိုင်မှာ တင်ဒါပုံးတွေ လောင်ကျွမ်းပေါက်ကွဲသံတွေလည်း ကြားခဲ့ပြီး တခဏအတွင်းမှာ အလျှင်အမြန်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။



