ကချင်ပြည်နယ် တနိုင်းမြို့မှာ တရားဝင် ဆီကားများ ပုံမှန်ဝင်နေသော်လည်း ဆီစျေးနှုံးများကြီး၍ နေ့စဥ် ဝယ်ယူသုံးစွဲနေကြတဲ့ ပြည်သူများအပေါ် ဝန်ထုပ် ဝန်ပိုး ဖြစ်ပေါ်လျှက်ရှိပါတယ်ဝင်လာတဲ့ ဆီကားများနှင့်မြို့နေလူထု ပုံမှန်ဝယ်ယူသုံးစွဲနေတာ လုံလောက်မှုရှိပါတယ်၊ဘာကြောင့် စျေးနှုံးတွေကြီးနေရတာလဲ၊ နောက် မြို့တွင်းရောက်လာတဲ့ ဆီများ အပြင်သို့ ထုတ်ရောင်းနေကြခြင်းကြောင့် ပြည်သူများအတွက် စျေးနှုံးကြီးဒဏ်များ ခံနေရခြင်းလည်းဖြစ်ပါတယ်ယနေ့အထိ တနိုင်းမြို့၌ ဓာတ်ဆီ ၁ ဂါလံ(၃၆၀၀၀)ကျပ်နှင့်ဒီဇယ် ၁ဂါလံ(၃၈၀၀၀)ကျပ် ရောင်းချလျှက်ရှိပြီး တရားဝင် ဆီပန့်ဆိုင်(၁၃)ဆိုင်ခန့်ရှိသော်လည်း ကိုယ့်ကျိုးစီးပွား အမြတ်ကြီးစားနေကြပြီး နေအိမ်များ၌ သိုလ်လှောင်၍ ရောင်းချနေမှုများလည်း မြင်တွေ့သိရှိရပါတယ်။



