စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ လွန်ခဲ့သည့် ၂လခန့်က ဖုန်းလိုင်း၊အင်တာနက်လိုင်း စသည့် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ခံခဲ့ရပြီး ယနေ့ အောက်တိုဘာ ၁၉ နံနက်မှာ တော့ ပြန်လည်အသုံးပြုလို့ရနေပြီလို့ သိရှိရပါတယ်။အင်တာနက်လိုင်းဖြတ်ထားတဲ့ ကာလအတွင်း Kpay, Wave Pay စသည့် ငွေလွှဲငွေထုတ်သည့် Mobile Banking ကိစ္စများ လုပ်ဆောင်ရာတွင်လည်း အခက်အခဲဖြစ်ခဲ့ကြရတယ်လို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။



