ကိုကိုးကျွန်းဒေသ၌ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးမည်ဟု ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့လည်ပိုင်းက ရန်ကုန် တိုင်း၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။ကိုကိုးကျွန်းဒေသတွင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်ကြသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြမည်ဟု ပြောကြားသည်။ ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ရွာတည်ဆောက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ရမည်ဟုလည်း ပြောကြားခဲ့ပါသည်။



