ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် မြို့ပေါ်ရှိ ကာယ အလုပ်သမားများ ၊ တက္ကသိုလ် ကျောင်းသားများ ၊ ဆိုင်ကယ် တက္ကစီ မောင်းသူများ အပါအဝင် လူတန်း စား မျိုးစုံ အွန်လိုင်းဂိမ်း ကို အပျော်ကစားနည်းသဖွယ် ဆော့ကစားမှု များလာ နေကြောင်း ဒေသခံထံသိရသည်။ဆလော့ဂိမ်း ဆော့ကစားသူ အမျိုးသားတစ်ဦးက "တစ်ခါတလေ နိုင်တာလည်း ရှိပါတယ်။ အများဆုံး ၇ သိန်းထိ နိုင်ဖူးတယ်။ တစ်ရက်ကို လေးငါးသောင်း လောက် ထည့်ကစားပါတယ်။ ဒါကလည်း ပြင်ပ ငွေကြေး ၊ ကြားပေါက်နဲ့ ဆော့တာပါ။ အိမ်စားရိတ်ကို မထိပါဘူး။ ရှုံးတာလည်းရှိပါတယ်။ တစ်ခါရှုံးရင် အမြင့်ဆုံး ၆ သိန်းအထိရှုံးဖူးတယ်။ ခရီးသည် စောင့်ရင်း အပျင်းပြေဆော့တဲ့သဘောပဲပေါ့။ ကျွန်တော်က ဆိုင်ကယ်မောင်းတာ ဆိုတော့ ဒီလိုပဲ ဆော့မိတာ။”ဟု ပြော သည်။



